Friday, April 4, 2008

တားဆီးလို့မရ

မိုးရွာနေတာ
မင်းတားပါလေ ရမလား...
နေပူနေတာ
မင်းတားပါလေ ရမလား...
သဘာဝဖြစ် သည်ဇစ်မြစ်ကို
ဖျစ်ညှစ်လို့တား မရငြား ...
ဒီလိုပါပဲ ဒို့ရင်ထဲက
ချစ်မြဲချစ်နေ အချစ်တွေကို
ဘယ်လိုဘယ်လို တားရမယ်
သဘာဝအသိ ချစ်ခဲ့မိပြီ
တားသည့်အခါ မရပါ။

Monday, March 24, 2008

ယောင်္ကျားများ၏ အချစ်ဇယား

ဒိတစ်ယောက်က အချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသည်။

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။


ဟောဒီတစ်ယောက်ကျတော့ အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။

အဲဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်။

စေ့စပ်ထားတဲ့ ကောင်မလေး
အိနြေ္ဒရှင်လေးမို့ လက်မလွတ်ချင်အောင် ဖြစ်မိသည်။

အထက်ပါဖြောက်ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်။

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေ အားသူဖြစ်ရမည်။

Sunday, March 23, 2008

လူ့သဘာဝ

အခုလို ခြေလျှင်လျှောက်ပြီး တောင်းနေရတဲ့ ဘ၀ကို ရှင်ကျေနပ်နေလား။
ဟာ ... အမျိုးသမီးကြီးရယ် ...တစ်ခါတစခါတော့ ကားနဲ့လိုက်တောင်းချင်စိတ် ဖြစ်တာပေါ့ဗျာ။

အားပေးကြတယ်

ကျုပ်ဟာသတွေထဲမှာ မီးများများထည့်လိုက်ရင် ဘယ်လိုနေမလဲဗျ ၊
အိုဗျာ၊ ခင်ဗျားဟာသတွေထဲ မီးထပ်ထည့်ဖို့ မလိုပါဘူးဗျ၊
တကယ်တမ်းလိုတာက မီးထဲ ခင်ဗျားဟာသတွေ ထည့်ပစ်ဖို့ပါ။

အားကိုးလောက်ပါပေရဲ့

သူငယ်ချင်း နှစ်ဥိးစကားပြောနေကြသည်။
မင်းနဲ့မင်းကောင်မလေး လျှောက်လည်တာ ငွေတစ်ထောင်ပဲကုန်တယ်ဆို။
အေးလေကွာ သူ့မှာ ဒါပဲပါတာ။

ဒီအပေါ် တည်တယ်

ဖရက်ဒ် = မင်နောက်ကို ကြောင်နက်တစ်ကောင် လိုက်လာတယ်ဆိုရင်
ကံဆိုးတယ်လို့ပြောမလား။
ဘာနီ = ဒါကတော့ကွာ ... မင်းက လူတစ်ယောက်လား၊ဒါမှမဟုတ် ..
ကြွက်တစ်ကောင်လားပေါ်မှာ မူတည်တာပေါ့ကွ

ဗဟုသုတ(၁)

ဘ၀မှာ
ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထာတာ
မသိနိုင်တာကိုက ပိုပြီးတော့
စိတ်ဝင်စားစရာ ကောင်းတယ်
ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်...


လူ့ဘ၀မှာ စွန့်စားရတာနဲ့
အခက်ခဲတွေကို ကျော်လွှားရတာ
နဲနဲရှိမှ ကောင်းတယ် ...
သို့မဟုတ်ရင် ဘ၀ဟာ
ပျင်းစရာကောင်းနေလိမ့်မယ် ...


ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်သူကြောင့်ပဲဖြစ်ဖြစ်
အတိတ်က ဖြစ်ခဲ့တာတွေထဲမှာ
ထောင်ကျ မနေဖို့ပဲလိုတယ် ....


ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ် ...
နှေးတာက အရေးမကြီးပါဘူး ....



ဘ၀ကို ရှင်းရှင်းလင်းလင်း
နေသွားချင်တယ်ဆိုရင် ..
သတိလေးနဲ့ နေလိုက်ပါ ..
ဘ၀ဟာ ရှင်းလာပါလိမ့်မယ်။
စိတ်ရှင်းရင် ဘ၀ရှင်းတယ် ..
စိတ်ရိုးရင် ဘ၀ရိုးတယ် ..
စိတ်ရှုပ်ရင် ဘ၀လည်းရှုပ်လာမယ်..
စိတ်ဆန်းပြားရင် ..
ဘ၀လည်း ဆန်းပြားလာမယ် ။


ဘ၀ရဲ့ အရည်အသွေး
မြင့်မားစေချင်ရင်၊
စိတ်ရဲက အရည်အသွေးကို
မြင့်မားအောင် ကြိုးစားမှဖြစ်မယ် ...
ဘ၀ရဲ့ အဆင့်အတန်းကို
စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ
တိုင်းတာသင့်တယ်။



ကိုယ့်ကို အများဆုံး
စိတ်ဆင်းရဲအောင် လုပ်တာဟာ
သူများမဟုတ်ပါဘူး ...
ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ.
ကိုယ့်သဘောထားမှားနေလို့ပါ။


ဘ၀ကို
နောက်ဆုံးမချိန်ထိ
အဓိပ္ပါယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာ
သိဖို့လိုတယ် ...အဲဒီလို မသိရင်
ကြာလေ အသုံးမကျလေ ဖြစ်လာတတ်တယ်။



လောကကြီးမှာ
အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်
ရင့်ရင့်ကျက်ကျက် နေသွားတဲ့လူတွေ လိုတယ်...
ဘ၀ကို ဒီလိုနေပါလို့ နေပြသွားတဲ့လူတွေလိုတယ်။



ကိုယ်ဘာကို ခံစားနေရသလဲ
ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ
သိချင်ရင် တစ်ယောက်တည်း
အချိန်ယူပြီးတော့
ကိုယ့စိတ်ကို ကိုယ်
သေသေချာချာ စမ်းစစ်ကြည့်ရမယ် ။


အိုးအိမ်မရှိတဲ့သူဟာ
ယောက်လည်လည်
ခြေသလုံးအိမ်တိုင်ဖြစ်နေတယ် ...
ဂုဏ်သိက္ခာမဲ့နေတယ်...
သတိမရှတဲ့စိတ်ကလည်း ထို့အတူပဲ
ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာ မရှိဘူး။


လူတွေကို မယုံတဲ့သူ
လူတွေကို သည်းမခံနိုင်တဲ့သူ
လူတွေအကြောင်း မကောင်းပြောတတ်သူဟာ
အဖေါ်မဲ့တတ်တယ်။



လောကကြီးဟာ
ကိုယ့်တစ်ယောက်ထဲအတွက်
စိတ်တိုင်းကျ ဖန်တီးထားတာ မဟုတ်ဘူး...



မကျေမနပ်ဖြစ်နေတဲ့
စိတ်ဟာ မလွတ်လပ်ဘူး
ထောင်ကျနေတယ်....


ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့
အပေးအယူ ရှိနေတယ် ...
များများပေးနိုင်ရင်
များများပြန်ရတယ် ...

ဗဟုသုတ

အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။
ဒါမှလည်း ကြာရှည်ခံပါတယ်။
ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။


လူတွေဆိုတာ အထက်ကိုရောက်သူကိုမှ ကြည့်လို၊မြင်လိုကြတယ်။
တွေ့လိုကြတယ်။
ကျော်ကြားမှုဆိုတာ ငယ်ငယ်က ဘယ်သူမျှ မကျော်ကြားခဲ့ပါဘူး။
ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်းရောက်ပြီး
ကျော်ကြားလာရတာပါ။


လူတစ်ယောက်ကြီးပွါးတယ်ဆိုတာလည်း
၁။ အရာရာမှာ စဉ်းစားဥာဏ်ရှိရမယ်၊
၂။ရှေးဘုန်းရှေးကံ ရှိရမယ်။
၃။ရဲရင့်တဲ့ သတ္တိရှိရမယ်၊
ဒီသုံးချက်နဲ့ ပြည့်စုံရင် ကြီးပွါးတာပါပဲ။


လောကမှာ ဂုဏ်ရှိဖို့ထက်
ရလာတဲ့ ဂုဏ်ကိုစောင့်ရှောက်ဖို့က ပိုခက်ပါတယ်။



လူတစ်ယောက် ပိုက်ဆံပေါဖို့နဲ့ စိတ်ထားကောင်ဖို့
ဘယ်ဟာက ပိုအရေးကြီးပါ့မလဲ။
ပိုက်ဆံရှိဖို့ကတော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။
စိတ်ကောင်းဖို့ဆိုတာက မလွယ်ပါဘူး။


ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေလျှင်
သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။


လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။
သီလရှိမှ ကြည်ညိုကြတယ်။
ပညာတတ်မှ လေးစားကြတယ်။


လောကမှာ ညံ့တဲ့လူက တော်တဲ့လူကို မနာလိုဘူး။
မသာတဲ့သူက သာတဲ့သူကို မနာလိုဖြစ်ကြတယ်။
မနာလိုစိတ်ဟာ ဒေါသစိတ်ပါပဲ။


ကိုယ်က ပတ်ဝန်းကျင်ကို ထိချုက်စရာ မလုပ်ရဘူး
မထိချုက်စေရဘူး။
သူများ မကောင်းပေမယ့်
မိမိကိယ်ကို ကောင်းအောင်ကြိုးစားရမယ်။
ဘယ်သူ သီလကျိုးကျိုး
ကိုယ် မကျိုးစေနဲ့။


လူတွေဟာ အကောင်းကြိုက်ကြတယ်
ကောင်းကောင်း စားကြတယ်၊ ကောင်းကောင်းဝတ်ကြတယ်
အကျင့်ကျ အကောင်းမကျင့်ကြဘူး။

Saturday, March 22, 2008

ချစ်ခြင်းဖွဲ့နှောင်အိမ်

ဝေးရတော့မယ်ဆိုတဲ့ အသိက
ရင်ကို နှိပ်စက်နေတယ်
ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်သာ
အသက်ဆက်ဖို့ အင်အားတွေဖြစ်ခဲ့တာ

မတူညီ ဘ၀နှစ်ခုဆုံဆည်းနိုင်ဖို့
ကိုယ်တို့စတေးရမှာက
အချန်တွေရယ်
နွေးတွေးမှုရယ်
အကြင်နာရယ်

ကိုယ်တို့ ယုံကြည်ရမှာက
ခိုင်မာတဲ့ ချစ်ခြင်းတွေရယ်
သစ္စာတရားရယ်

ကိုယ်တို့ရဲ့ ပေးဆပ်မှုအတွက်
မျှော်လင့်နေရမှာက
အရာရာပြီးပြည့်ဆုံတဲ့
နှလုါံ်သားတစ်စုံနဲ့ ရစ်ပတ်ထားတဲ့
ချစ်ခြင်းဖွဲ့ နှောင်အိမ်။

ဝထ္ထု ကဗျာ

နှစ်ကိုယ်ကြားမှာ
မြိုထားမတတ် အနားကပ်ခို
ကိန္ဒရီမောင်နှံ မောင်ပံမခွဲ
အသည်းနှစ်လွှာ အသာတွယ်ယှက်
ကမ္ဘာဆယ်သက် တစ်သက်မခွာ
သူ့မျက်နှာကို
တစ်ရက်တစ်ခါလောက် တွေ့ပါရစေ။
(အသည်းကွဲနေသည်)မှ
မောင်လှမျိုး(ချင်းချောင်းခြံ)


မျက်ရည် မြစ်ကမ်း
အလွမ်းသဲသောင် သောကဖေါင်ဖွဲ့
မျောလွင့်ခဲ့ပြီ ...
နေခြည်မှေးမှိတ် ညအရိပ်ထဲ
လရိပ်လည်းကငိး အမှောင်တွင်းမှာ
လွမ်းချင်ဘယ်သူကူမှာလဲ ...
မောင်လှမျိုး(ချင်းချောင်းခြံ)

ကိုယ့်နှလုံးသားထဲက
မင်းကိုတမ်းတနေတဲ့
စကားသံတွေကို
ချစ်ရသူ မင်းတစ်ယောက်
ကြားစေချင်ပါရဲ့ ...
ဒီစကားသံတွေကို
မတော်တဆများ မင်ကြားခဲ့ရင်
မောင် တေးသီပြပါ့မယ်ကွယ် ...

မြသန်းတင့်

ဥယျဉ်မှူး

ချစ်သူ
မင်းဟာ ပန်းကလေးဆိုရင်
မောင်က ဥယျဉ်မှူးပေါ့
ပန်းကလေးအနာ်းမှာ
ပတုံးမဲကြီးတွေ
ဝန်းရံနေလေရဲ့
ဒါပေမယ့် ....
ဥယျဉ်မှူး မောင်
ဘယ်တော့မှ
ပန်းမခူးပါဘူး။

အလွမ်းပြေ

ဆယ်နေလိုပြင်း
မောင့်ကိုညှင်းသည့်
ခွဲခွါရက်ရှည်
လွမ်းရက်တွေမှာ
အလွမ်းပြေ
ချစ်သူ ဓါတ်ပုံလေး ကြည့်မိတော့
ကံကြမ္မာ ကို စိတ်နာမိတာပေါ့

မေ့ပြီလားကွယ်

ကြယ်များမီးမှိတ် လအရိပ်ထဲ
မွတ်သိပ်ရှိုက်နမ်း မနမ်းသီည
တစ်ခါကလေ ...
မ၀လှိုက်မော တွတ်တွတ်ပြောခဲ့
ဘယ်သောအခါမှ မခွဲကြကြေး
ကတိပေးနော် ...
ဝေးသွားကြမှာ သိပ်ကြောက်တာပဲ
ခွဲသွားရမှာ သိပ်စိုးတာပဲ
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ပြစ်မယ်
ချစ်ပွင့်ငုံဖူး လွမ်းရိပ်ဦးက
ကြည်းနူးမေတ္တာ ချိုတဲ့ပျားရည်
ရည်စူးသစ္စာ ဆိုနွဲ့စကားတွေ
မေ့နေပြီလား
မေ့ပြီလားကွယ်။

အမောပြေ

ဝေသမျှ မကြွေတဲ့ပန်းပါ
မင်းမနမ်းလည်း ပွင့်ခဲ့ပြီလေ ...
စိမ့်ထွက်သမျှ မခန်းတဲ့စမ်းပါ
မင်းမသောက်ချင်လည်း စီးခဲ့ပြီလေ ...
ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လည်း သီခဲ့ပြီလေ ...
မြူတိမ်ကင်းပြီး သာတဲ့လပါ
မင်းအိပ်နေလည်း သာခဲ့ပြီလေ ...
တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တစ်ခုဖြစ်ချင်တယ်
မျက်နှာမသစ်တောင်မှ
(မင်းမောတဲ့အခါ ..... )
ခြေဆေးလို့ ရအောင်ပေါ့။

လမ်းပြကြယ်

မျှော်လင့်ခြင်းများသည်
ရည်မှန်းချက်ကို ဦးတည်ပေးသောအခါ
စွမ်းအားနဲ့အားမာန်တို့သည် အလိုလို
ပြည့်ဝလာတယ်...
ချစ်သူ မင်းဟာ
ကိုယ့်ဘ၀ရဲ့ မျှော်လင့်ခြင်းရည်မှန်းချက်ကို
ဦးတည်ပေးနိုင်မယ့် လမ်းပြကြယ်ပဲ။


ထွက်သက် ၀င်သက်ကြောင့်
ပထမမြောက် အသက်ရှင်ခြင်း ဖြစ်ရပါလျှင်
နှလုံးသား ရှင်သန်အထမြောက်ဖို့စေရန်
ဒုတိယမြောက် အသက်ကို ချစ်သူ ဖန်တင်းရလေမည်။


အချစ်ဆိုတာ မိုးကြိုးပစ်ခံထားရတဲ့
သစ်ငုတ်ပင်လိုပဲ လောင်ကျွမ်းပြီဆိုရင်
မိုးဘယ်လောက်ပဲရွာပါစေ
မငြိမ်းအေးနိုင်ဘူး။

.သိရင်ပြောပြပ

ချစ်တယ်ဆိုတဲ့ စကားလုံးဟာ အရမ်းလေးနက်တယ်...
ချစ်တယ်ဆိုတဲ့ စကားလုံးရဲ့ အထဲမှာ
ခွင့်လွှတ်တာတွေ၊ နားလည်တာတွေ၊ကာကွယ်တာတွေ၊
တောင့်ရှောက်တာတွေ၊သစ္စာတွေ၊ မေတ္တာတွေ
အားလုံး ပါပြီးသာပါပဲ။

ပန်းပွင့်ဆိုတာ အချစ်၏ သင်္ကေတ၊
ပန်းပွင့်လေးတွေကို လက်ခံခြင်းသဘောဟာ
ပန်းပွင့်လေးတွေ ပေးတဲ့သူရဲ့ မေတ္တာကို
လက်ခံခြင်းသဘောလို့ ယူဆနိုင်တယ်နော်။


ချစ်သူ ..သိရင်ပြောပြပါ့လား
ရင်ထဲကခံစားချက်တွေ
မင်းဆီမှာအသံမြည်ဖို့
ဘယ်နံပါတ်ကို နှိပ်ရမှာလဲ။

အတွေး

ချစ်သူ
မင်းအကြောင်းတွေးရင်း
မင်းကိုသတိရနေတယ်
မင်း ... ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
ကိုယ်ဆုတောင်းပေးနေပါတယ်
ကိုယ်တို့နှစ်ယောက်လုံးလည်း
ပြုံးပျော် ကြည်နူးနိုင်စေကြောင်း
ကိုယ် ဆုတောင်းနေမိတယ် ...
ဒါဟာ ..မှန်ကန်သော သစ္စာစကားပါကွယ်။



မင်းအကြောင်း တွေးနေတဲ့အခါ
မေးစရာတွေ ရှိလာတယ်
မင်းဘ၀အဖေါ်ဟာ
ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်
ပျော်ရွင်အောင်နေနိုင်လား
အပြစ်တင်၊အပြစ်မြင်နေမလား
နာကျင်နေမလား ...
ကိုယ်စဉ်းစားပြီး တွေးနေတယ်။

ပေးဆပ်မဲ့အချစ်

*မင်းကြောင့် ကြေကွဲနေရပြီဆိုရင်တောင်
မင်းကြောင့်ပျော်ခဲ့ရတဲ့နေ့တွေကို
အစားထိုးပြီး ကျေနပ်နေမှာပါ။

*ငါ့ထက်တန်ဖိုးထာနိုင်မယ့်
သူ မင်းမှာရှိလာခဲ့ရင်
မင်းလွတ်လပ်စွာ
စွန့်ခွါသွားနိုင်ပါတယ်။


*ဟိုး ... အဝေးတစ်နေရာက
မင်းကို လွမ်းနေ ချစ်နေ
သတိယနေတဲ့ သူတစ်ယောက်
ရှိနေသေးတယ်ဆိုတာ
မှတ်မိသေးရဲ့လား ချစ်သူ။

*ချစ်သူ
ငါလွမ်းသလောက်သာ
မင်းလွမ်းမယ်ဆိုရင်
မင်းမှာခံနိုင်ရည်တောင်

စိတ်ကူးယဉ်အိပ်မက်

လူတိုင်းမှာ စိတ်ကူးယဉ်အိပ်မက်ဆိုတာရှိကြတယ်
အဲဒါကို အထင်မသေးမိပါစေနဲ့ ...

စိတ်ကူးယဉ်မှုဟာ ဘ၀ရဲ့ မျှော်လင့်ချက်ပဲလေ၊
မျှော်လင့်ချက်ဟာ ဘ၀ရဲ့ အားမာန်ပဲ၊
အားမာန်ရှိမှ ရည်ရွယ်ချက်အောင်မြင်မယ်၊
ရည်ရွယ်ချက်ကို ရည်မှန်းချက်ဆိုတဲ့
လက်တွေပိုင်းနဲ့ အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင်
စိတ်ကူးယဉ်မှုဟာ တန်ဖိုးရှိလာမှာပါ။



**မိမိလုပ်တဲ့ အလုပ်တစ်ခုကို
အောင်မြင်မှုဆိုတဲ့ အရသာကို
ခံစားချင်ယုံသက်သက်မလုပ်ပဲ
ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့
ခံယူချက်ကသာ ဘ၀ရည်မှန်းချက်ကို အမြန်ဆုံး
ရောက်နိုင်လိမ့်မယ်။


***ယုံကြည်ချက် အပြည့်ရှိပြီး ဆုံးဖြတ်ချက်နဲ့ လုပ်တဲ့
လူတစ်ယောက်မှာ ကြောက်စိတ်ဆိုတာ လုံးဝမရှိဘူးထင်တယ်။

အချစ်တန်ဘိုး

*What come from the heart go to the heart .
နှလုံးသားမှ လာသောအရာသည်
နှလုံးသားထံသို့ ပြန်သွားသည်။


*Where the love is tgreat the pain is great .
အချစ်ကြီးရင်
ခံစားမှုဝေဒနာလည်း ကြီးတယ်။


*Love needs expressing.
It must be shared between those who love.
Without giving or sharing,it has no value.

အချစ်ဟာ ဖေါ်ပြတတ်ဖို့လိုတယ်။
ချစ်နေကြတဲ့သူနှစ်ဦးကြားမှာ မျှဝေခံစားတတ်ရမယ်။
ပေးဆပ်ခြင်း၊မျှဝေခံစားခြင်း မရှိရင်
အဲဒီ အချစ်ဟာ ... ဘာတန်ဘိုးမှ မရှိတော့ဘူး ။

အချစ်ဆိုတာ

*အချစ်ဆိုတာကို ...
ဘယ်သူမှ အတင်းလုပ်ယူလို့ မရပါဘူး။
ကိုယ့်ကိုကိုယ်တောင်မှ လုပ်လို့ မရပါဘူးလေ။
အချစ်ဟာ ... သူ့ဘာသာ အမြစ်တွယ်လာပြီးမှသာ
ချစ်လာနိုင်တာမျိုးပါ။


*ချစ်ခြင်းတရားဆိုတာ ချစ်သူအတွက်
ချစ်သူကောင်းဖို့တွေဖြစ်လာဖို့အတွက်
စေတနာအပြည့်အ၀ အထားနိုင်ဆုံး စိတ်ပါပဲ၊
ကိုယ်ကျိုးနဲ့ချစ်သူအကျိုးယှဉ်လာတိုင်း
ကိုယ်ကျိုးဆိုတာ ပျောက်ကွယ်သွားနိုင်တဲ့
စေတနာမျိုးပါ။

*ဘ၀ တစ်သက်လုံး လက်တွဲသွားမယ့်
ချစ်သူနှစ်ဦးဟာ
စိတ်တူကိုယ်တူ ဖြစ်သင့်တယ်။

*သင့်ချစ်သူ သင့်ကို
တကယ်ချစ်မချစ် သိချင်လျှင်
သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ
ထိုသူသည် သင့်ချစ်သူ
အစစ်အမှန်ဖြစ်ပါက သင့်ထံသို့
သူပြန်လာပါလိမ့်မည်။
ပြန်မလာခဲ့လျှင် ...
သူသည် သင့်ချစ်သူ
ဘယ်တုန်းကမှ မဖြစ်ခဲ့ပါ ။

ဆုံဆည်းမှု

*တကယ်တော့ ဆုံဆည်းခဲ့ကြတယ်ဆိုတာ
တိုက်ဆိုင်မှုတွေ၊ အတိတ်ကံအကြောင်းတွေ၊
ရှေးရေစက်တွေ၊အခြေအနေ အချိန်အခါတွေ၊
အကြောင်းအရာတွေ အများကြီး ပေါငးစပ်ထပ်တူကျမှ
တစ်ယောက်နဲ့တစ်ယောက် သေသေချာချာသိမြင် ဆုံဆည်းကြရဖို့
ဖြစ်လာတာပါ။
ဒီလောကကြီးတစ်ခုတည်းမှာ အတူတူရှကြတဲ့
လူသားနှစ်ဦးဟာ ...
တစ်ခါတစ်ရံမှာ ဆုံဆည်းကြဖို့အင်မတန်မှ ခက်ခဲလွန်းနေသလို
တစ်ခါတစ်လေကျတော့လည်း လွယ်ကူစွာပဲ
ဆုံဆည်းခဲ့ကြတယ်ဆိုတာ အမြဲတမ်း မပြောင်းမလဲ
ဖြစ်တည်နေမဲ့ အဖြစ်အပျက်ပဲ ။


**မချစ်သူကို နေ့စဉ် မြင်ရတာထက်
ချစ်သောသူကို ဘယ်လောက်အဝေးမှာ ရှိရှိ
အသည်းနှလုံးထဲမှာ ပိုင်သိမ်းထခာနိုင်တဲ့
ဘ၀ က ပျော်ဖို့ကောင်ပါတယ်။

ယုံကြည်မှု

*As long as you believed in yourself , other will .
မင်းကိုမင် ယုံကြည်နေသမျှ ကာလပတ်လုံး
တခြားသူတွေကလည်း မင်းကိုယုံကြည်နေမှာပါ။


**အရာရာကို မလုပ်ဆောင်နိုင် လျှင်သော်မှ
လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ အရာကိုတော့
အကောင်းဆုံး နဲ့ အထိရောက်ဆုံးဖြစ်အောင်
လုပ်ပြနိုင်တဲ့ အရည်အချင်းရှိရမယ်။


***ခံစားချက်နဲ့ စကားလုံးဟာ
ပြောင်းပြန် အချိုးကျတယ် ။
ခံစားချက်တွေ ရင်ထဲမှာပြည့်နေရင်
ပြောဖို့စကားတွေဟာ နည်းသွားတတ်တယ်။


****ခွင့်လွှတ်ခြင်းဆိုတာ နှလုံးသားထဲက
အမုန်းတရားတွေကို လျော့ချလိုက်တာပါပဲ။

Friday, March 21, 2008

Valentine's Day့ တမ်းချင်း

မလုံလောက်တဲ့ ဝေါဟာရတွေနဲ့
အချစ်ဆိုတာကို စာမဖွဲ့ချင်ပါဘူး
ဒါပေမယ့် ...
ငါ ... ချစ်တတ်ပါတယ်။ ။

အသက်မ၀င်တဲ့ ပြုံးအလှတွေနဲ့
နှစ်သိမ်တေးတွေကို မဆိုတတ်ချင်ဘူး
ဒါပေမယ့်...
ငါ ... ကျေနပ်ပါတယ်။ ။

အတောင်မဆုံတဲ့ အနာဂတ်တွေနဲ့
အတိတ်ရဲ့ ပုံရိပ်တွေကို
မဖေါ်ထုတ်ချင်ဘူး
ဒါပေမယ့် ...
ငါ ... လွမ်းနေပါတယ်။ ။

ချစ်သူရေ ...
အတိတ်၊ အနာဂတ်၊ မျက်မှောက်ကာလ
ကာလသုံးတန် ပြောင်းပြန်လန်ပေမယ့်
Valentine's Day ကိုရောက်တိုင်း
မင်းနဲ့ငါ့ရဲ့ အချစ်သက်သေ
ရင်ခုန်သံပြပွဲ တစ်ခုကို
မင်းမသိ မင်းမရှိတဲ့ တစ်နေရာရာမှာ
ငါ ...
တစ်ကိုယ်တော် ကျင်းပနေဆဲပါ။ ။

ရာသီမဲ့တမ်းချင်း

ပူပြင်းတဲ့ နွေရာသီရဲ့
ရွက်ဝါကြွေ သည်မြေလမ်းမှာ
သခင်သာရှိမယ်ဆို
ကိုယ့်ရင်မှာ
အပူငြိမ်းနိုင်မယ်၊ ရင်ဆူထိမ်းနိုင်မယ်။

အေးမြတဲ့ ဆောင်းရာသီရဲ့
နှင်းပွင့်ကြွေ သည်မြေလမ်းမှာ
သခင်သာ ပါမယ်ဆို
ကိုယ့်ရင်မှာ
နွေးထွေးနိုင်မယ်၊ ဘေးဝေးနိုင်မယ်။

သည်းထန်စွာ ရွာသွန်းတတ်တဲ့ မိုးရာသီရဲ့
စိုစွတ်တဲ့ သည်မြေလမ်းမှာ
သခင်နဲ့သာဆို
ကိုယ့်ရင်မှာ
ပျော်ရွှင်နိုင်မယ်၊ ကြည်နူးနိုင်မယ်။

သခင်ရယ်
ရက်၊လ၊ရာသီ
အလီလီပြောင်းခဲ့ပေမယ့်
မပြောင်းမလဲ ကိုယ့်ရင်ထဲမှာ
အမြဲထာဝရ ချစ်နေမိတာ
သခင့်ကိုပါ။

မင်းအတွက်


                                                                                    
11.gif



                                                                                                            
63.gif



                                                                                    80.gif
 





                                                  
19.gif





                                                                                                     
46.gif     



                                                                                                   
10.gif

အလွမ်း

လွမ်းတထင့်ထင့် လွမ်းရော်ရင့်နေတဲ့
ငါ့နှလုံးသား
အလွမ်းများကနှိပ်စက်
အဆိတ်တက်လို့နေခဲ့ပြီ။

မျှော်လင့်ချက်နဲ့ အသက်ရှင်
အချစ်မြင်လား။
အလွမ်းများ
လွမ်သဖြင့်သာ
ပန်းပွင့်ပါလျှင်
သစ်ပင်တိုင်းမှာ
ပန်းတွေသာ ရှိလိမ့်မယ်။

မိုးသည်းညရဲ့ အဖေါ်

အတိတ်ကံကြွေး မပျယ်သေးလို့
ဝေးရက်တာရှည်
ဆွေးရက်တွေမှာ
ချစ်သူကိုတမ်းတ
အသည်းမှာ ဒဏ်ရာရလို့
ကျမျက်ရည်ပါးပြင်ထက်မှာ
ကြေကွဲခြင်းရဲ့ မိုးသည်းည
အလွမ်းတွေက ငါ့ရဲ့ အဖေါ်ပေါ့။

မိုးရေထဲမှာ အတူရှခဲ့ဖူးတဲ့ ချစ်သူကို လွမ်းဆွတ် တမ်းတခြင်း အမှတ်တရ

ကြင်နာလှည့်ပါ

ဘ၀တစ်ကွေ့မှာ
တွေ့ခဲ့ရတဲ့ ချစ်တဲ့မင်းရယ်
မောင့်ရင်ဝယ် မြဲစွာတမ်းတ
လွမ်းနေခဲ့ရတယ်။

တရေးတမော
အလွမ်းဇောတွေနဲ့ အိပ်မောကျခဲ့
အတွေးတွေရဲ့ အလယ်မှာ မင်းသာစိုးမိုး
တိုးတိုးလေးပြောလိုက်မယ်
အချစ်ရယ် လွမ်းတယ်ကွယ်။

ဝေးကွာခြင်းဆိုတဲ့
ကာလရဲ့ လက်အတွင်း တို့သက်ဆင်းခဲ့
သူ့လက်တွင်းမှ ဘ၀တွေကို ငါမလို
တကယ်ဆို မောင်ဟာမင်းအနားမှာပေါ့။

မောင်ပျော်မွေ့ရာ အတွေးရွာမှာ
ကဗျာတစ်ပုဒ် ဆေးတစ်ရှိုက်
မောင်နဲ့ထိုက်တာ အလွမ်းပါလို့
ကင်းကွာသတိ မချိနှလုံး
ကြွေပျက်ပြုန်းသည်
အမုန်းဆိုမလိုချင်ပါ
ကြင်နာလှည့်ပါ ချစ်သူရာ။

တမ်းချင်း

စိတ်မှာတေလေ
ဒဏ်ရာတွေနဲ့
ချစ်သူဆီမပြန်နိုင်
ငေးမှိုင်ရင်းကျွမ်းမြိုက်
လွမ်းလိုက်တာ အချစ်ရယ်။

ဘယိဆီမှာလဲ
ချစ်တဲ့မင်းရယ်
ဒဏ်ရာတွေဝေးလွင့်လို့
အလွမ်းတွေပျောက်ဆုံး
ပျော်စရာနေ့တွေ ရောက်ချင်ပြီ။

ဒဏ်ရာ

မျက်စိမှိတ်ကာ အိပ်ပါသော်ငြား
အိပ်မက်ထဲမှာ ရှိနေတာ
မင်းလေးတစ်ယောက်သာ။

နေ့စဉ်ညဆက် မင်းအတွက်ကြောင့်
အိပ်ပျက်ခဲ့တာကြာပါပြီ။
ဖြစ်ပျက်ခဲ့သမျှ လွမ်းစိတ်တွေ
ရှိမြဲအတိုင်းသာ ရှိပါစေတော့ကွယ်။

တိတ်ဆိတ်ညတွေ စိတ်လေပြီးတော့
ညည်းညူတမ်းတ လွမ်းရရက်များကြာခဲ့ပြီ။

ဆန္ဒများ

နေရောင်မရှိတဲ့နေ့ လရောင်မရှိတဲ့ည
မင်းမရှိတဲ့ ဘ၀မှာ
မနေပါရစေနဲ့လား ချစ်သူရယ်။

အေးစက်တဲ့ညဘက်မှာ
မင်းလေးရဲ့ လက်တွေကို
ထွေးပွေ့ဖက်ကြိုပြီး
လွမ်းတေးလေးတွေ ဆိုပြချင်တယ် အချစ်ရယ်။

အချစ်ဆုံးမို့ မုန်းဖို့မကြိုးစားခဲ့ပါဘူး
နောက်ဆုံးထွက်သက်ထိ
ဆက်လက်ပြီး ချစ်နေပါ့မယ်။

အခြေအနေမပေးလို့ ဝေးခဲ့တာဟာ
ကံအကြောင်းတရားပဲပေါ့...
အနေဝေးလို့ ဆွေးနေရတဲ့
အဖေါ်မဲ့ညတွေမှာ
ချစ်သူကိုတမ်းတ လွမ်းနေရပါတယ်။

ဘ၀ဆိုတဲ့ အက်ခရာ နှလုံး
တိုက်ပွဲဆုံးအောင် ရင်ဆိုင်တဲ့အခါ
ချစ်သူလက်ခုံသံ မြိုင်ပါစေ။

လွမ်း

လွမ်းစိတ် တိတ်တိတ်
ကြိတ်မှိတ်ခြေဖျက်
ညဥ့်နက်နက်ဝယ်
အိပ်ပျက်ညတွေ များလွန်းတယ်။
တရံခါက ဒဏ္ဍာရီလို
ရင်မှာခံစား ကြိတ်မှိတ်လွမ်းရ
တမ်းတတတ်တာ
ပြောပါရစေ... အချစ်ရယ်။
ဟိုတစ်ခါက ပျော်ရွင်မှုတွေကို
ပြန်လည်ပိုင်ဆိုင်ပါရစေတော့။

ထာဝရသစ်လွင်နေတဲ့အချစ်

နွေချိုတေးသစ်ရေးချစ်နေဆဲ
မောင့်အသည်းမှာ အမြဲမျှော်မှန်းကာ
တမ်းတဆဲပါ။

ရာသီတွေပြောင်း လတွေနှောင်းလို့
မဟောင်းအသစ် မောင့်အချစ်ဟာ
ထာဝရရှင်သန်ဆဲပါ။

ကဗျာနဲ့ပျော် ဖေါ်မဲ့ဘဝ
မောင့်အသည်းမှာ ဒဏ်ရာရှိတာ
ဘယ်သူသိလည်း မောင့်ရင်ထဲကခံစားချက်။

မျက်ရည်ဆိုတာ ဝေဒနာပြသင်္ကေတမို့
လွမ်းရတဲ့ခါ...
ကဗျာတစ်ဝက် မျက်ရည်တစ်ဝက်
တွယ်မက်ခံစား ဒဏ်ရာများနဲ့
သက်ဆုံးထိတိုင် ချစ်ပါ့မယ်။

ဝေဒနာမီးတောင်

ဆယ်နေလိုပြင်းမောင့်ကိုညှင်းသည်
လွမ်းရရက်ရှည် သောကပွေသည်
ရင်မှာလောင်ကျွမ်း နေထိပန်းလို
မောင့်အသည်းကို နွမ်းစေတယ်။

ချစ်သူစကားနာ်းမှာကြားလို့
တမ်းတကာနေ အရင်ချိန်လေးတွေ
ဘယ်ဆီဘယ်ဝယ်ရောက်နေသလဲကွယ်။

ချစ်သူရုပ်သွင် အမြင်မှာစိုးမိုး
တိုးတိတ်လွမ်းမိတော့
မောင်ငိုမိတာပေါ့။

ဝေဒနာတွေ အသည်းမှာစု
မျက်ဝန်းမှာပုလဲသီ
ပေါက်ကွဲချင်ပြီ.... အချစ်ရယ်။