Friday, March 21, 2008

ထာဝရသစ်လွင်နေတဲ့အချစ်

နွေချိုတေးသစ်ရေးချစ်နေဆဲ
မောင့်အသည်းမှာ အမြဲမျှော်မှန်းကာ
တမ်းတဆဲပါ။

ရာသီတွေပြောင်း လတွေနှောင်းလို့
မဟောင်းအသစ် မောင့်အချစ်ဟာ
ထာဝရရှင်သန်ဆဲပါ။

ကဗျာနဲ့ပျော် ဖေါ်မဲ့ဘဝ
မောင့်အသည်းမှာ ဒဏ်ရာရှိတာ
ဘယ်သူသိလည်း မောင့်ရင်ထဲကခံစားချက်။

မျက်ရည်ဆိုတာ ဝေဒနာပြသင်္ကေတမို့
လွမ်းရတဲ့ခါ...
ကဗျာတစ်ဝက် မျက်ရည်တစ်ဝက်
တွယ်မက်ခံစား ဒဏ်ရာများနဲ့
သက်ဆုံးထိတိုင် ချစ်ပါ့မယ်။

No comments: