Friday, April 4, 2008

တားဆီးလို့မရ

မိုးရွာနေတာ
မင်းတားပါလေ ရမလား...
နေပူနေတာ
မင်းတားပါလေ ရမလား...
သဘာဝဖြစ် သည်ဇစ်မြစ်ကို
ဖျစ်ညှစ်လို့တား မရငြား ...
ဒီလိုပါပဲ ဒို့ရင်ထဲက
ချစ်မြဲချစ်နေ အချစ်တွေကို
ဘယ်လိုဘယ်လို တားရမယ်
သဘာဝအသိ ချစ်ခဲ့မိပြီ
တားသည့်အခါ မရပါ။