Friday, March 21, 2008

ဆန္ဒများ

နေရောင်မရှိတဲ့နေ့ လရောင်မရှိတဲ့ည
မင်းမရှိတဲ့ ဘ၀မှာ
မနေပါရစေနဲ့လား ချစ်သူရယ်။

အေးစက်တဲ့ညဘက်မှာ
မင်းလေးရဲ့ လက်တွေကို
ထွေးပွေ့ဖက်ကြိုပြီး
လွမ်းတေးလေးတွေ ဆိုပြချင်တယ် အချစ်ရယ်။

အချစ်ဆုံးမို့ မုန်းဖို့မကြိုးစားခဲ့ပါဘူး
နောက်ဆုံးထွက်သက်ထိ
ဆက်လက်ပြီး ချစ်နေပါ့မယ်။

အခြေအနေမပေးလို့ ဝေးခဲ့တာဟာ
ကံအကြောင်းတရားပဲပေါ့...
အနေဝေးလို့ ဆွေးနေရတဲ့
အဖေါ်မဲ့ညတွေမှာ
ချစ်သူကိုတမ်းတ လွမ်းနေရပါတယ်။

ဘ၀ဆိုတဲ့ အက်ခရာ နှလုံး
တိုက်ပွဲဆုံးအောင် ရင်ဆိုင်တဲ့အခါ
ချစ်သူလက်ခုံသံ မြိုင်ပါစေ။

No comments: