Saturday, March 22, 2008

အတွေး

ချစ်သူ
မင်းအကြောင်းတွေးရင်း
မင်းကိုသတိရနေတယ်
မင်း ... ရွှင်လန်းချမ်းမြေ့ပါစေကြောင်း
ကိုယ်ဆုတောင်းပေးနေပါတယ်
ကိုယ်တို့နှစ်ယောက်လုံးလည်း
ပြုံးပျော် ကြည်နူးနိုင်စေကြောင်း
ကိုယ် ဆုတောင်းနေမိတယ် ...
ဒါဟာ ..မှန်ကန်သော သစ္စာစကားပါကွယ်။



မင်းအကြောင်း တွေးနေတဲ့အခါ
မေးစရာတွေ ရှိလာတယ်
မင်းဘ၀အဖေါ်ဟာ
ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်
ပျော်ရွင်အောင်နေနိုင်လား
အပြစ်တင်၊အပြစ်မြင်နေမလား
နာကျင်နေမလား ...
ကိုယ်စဉ်းစားပြီး တွေးနေတယ်။

No comments: