Saturday, March 22, 2008

လမ်းပြကြယ်

မျှော်လင့်ခြင်းများသည်
ရည်မှန်းချက်ကို ဦးတည်ပေးသောအခါ
စွမ်းအားနဲ့အားမာန်တို့သည် အလိုလို
ပြည့်ဝလာတယ်...
ချစ်သူ မင်းဟာ
ကိုယ့်ဘ၀ရဲ့ မျှော်လင့်ခြင်းရည်မှန်းချက်ကို
ဦးတည်ပေးနိုင်မယ့် လမ်းပြကြယ်ပဲ။


ထွက်သက် ၀င်သက်ကြောင့်
ပထမမြောက် အသက်ရှင်ခြင်း ဖြစ်ရပါလျှင်
နှလုံးသား ရှင်သန်အထမြောက်ဖို့စေရန်
ဒုတိယမြောက် အသက်ကို ချစ်သူ ဖန်တင်းရလေမည်။


အချစ်ဆိုတာ မိုးကြိုးပစ်ခံထားရတဲ့
သစ်ငုတ်ပင်လိုပဲ လောင်ကျွမ်းပြီဆိုရင်
မိုးဘယ်လောက်ပဲရွာပါစေ
မငြိမ်းအေးနိုင်ဘူး။

No comments: