Saturday, March 22, 2008

ဆုံဆည်းမှု

*တကယ်တော့ ဆုံဆည်းခဲ့ကြတယ်ဆိုတာ
တိုက်ဆိုင်မှုတွေ၊ အတိတ်ကံအကြောင်းတွေ၊
ရှေးရေစက်တွေ၊အခြေအနေ အချိန်အခါတွေ၊
အကြောင်းအရာတွေ အများကြီး ပေါငးစပ်ထပ်တူကျမှ
တစ်ယောက်နဲ့တစ်ယောက် သေသေချာချာသိမြင် ဆုံဆည်းကြရဖို့
ဖြစ်လာတာပါ။
ဒီလောကကြီးတစ်ခုတည်းမှာ အတူတူရှကြတဲ့
လူသားနှစ်ဦးဟာ ...
တစ်ခါတစ်ရံမှာ ဆုံဆည်းကြဖို့အင်မတန်မှ ခက်ခဲလွန်းနေသလို
တစ်ခါတစ်လေကျတော့လည်း လွယ်ကူစွာပဲ
ဆုံဆည်းခဲ့ကြတယ်ဆိုတာ အမြဲတမ်း မပြောင်းမလဲ
ဖြစ်တည်နေမဲ့ အဖြစ်အပျက်ပဲ ။


**မချစ်သူကို နေ့စဉ် မြင်ရတာထက်
ချစ်သောသူကို ဘယ်လောက်အဝေးမှာ ရှိရှိ
အသည်းနှလုံးထဲမှာ ပိုင်သိမ်းထခာနိုင်တဲ့
ဘ၀ က ပျော်ဖို့ကောင်ပါတယ်။

No comments: