Friday, March 21, 2008

ရာသီမဲ့တမ်းချင်း

ပူပြင်းတဲ့ နွေရာသီရဲ့
ရွက်ဝါကြွေ သည်မြေလမ်းမှာ
သခင်သာရှိမယ်ဆို
ကိုယ့်ရင်မှာ
အပူငြိမ်းနိုင်မယ်၊ ရင်ဆူထိမ်းနိုင်မယ်။

အေးမြတဲ့ ဆောင်းရာသီရဲ့
နှင်းပွင့်ကြွေ သည်မြေလမ်းမှာ
သခင်သာ ပါမယ်ဆို
ကိုယ့်ရင်မှာ
နွေးထွေးနိုင်မယ်၊ ဘေးဝေးနိုင်မယ်။

သည်းထန်စွာ ရွာသွန်းတတ်တဲ့ မိုးရာသီရဲ့
စိုစွတ်တဲ့ သည်မြေလမ်းမှာ
သခင်နဲ့သာဆို
ကိုယ့်ရင်မှာ
ပျော်ရွှင်နိုင်မယ်၊ ကြည်နူးနိုင်မယ်။

သခင်ရယ်
ရက်၊လ၊ရာသီ
အလီလီပြောင်းခဲ့ပေမယ့်
မပြောင်းမလဲ ကိုယ့်ရင်ထဲမှာ
အမြဲထာဝရ ချစ်နေမိတာ
သခင့်ကိုပါ။

No comments: