Saturday, March 22, 2008

ချစ်ခြင်းဖွဲ့နှောင်အိမ်

ဝေးရတော့မယ်ဆိုတဲ့ အသိက
ရင်ကို နှိပ်စက်နေတယ်
ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်သာ
အသက်ဆက်ဖို့ အင်အားတွေဖြစ်ခဲ့တာ

မတူညီ ဘ၀နှစ်ခုဆုံဆည်းနိုင်ဖို့
ကိုယ်တို့စတေးရမှာက
အချန်တွေရယ်
နွေးတွေးမှုရယ်
အကြင်နာရယ်

ကိုယ်တို့ ယုံကြည်ရမှာက
ခိုင်မာတဲ့ ချစ်ခြင်းတွေရယ်
သစ္စာတရားရယ်

ကိုယ်တို့ရဲ့ ပေးဆပ်မှုအတွက်
မျှော်လင့်နေရမှာက
အရာရာပြီးပြည့်ဆုံတဲ့
နှလုါံ်သားတစ်စုံနဲ့ ရစ်ပတ်ထားတဲ့
ချစ်ခြင်းဖွဲ့ နှောင်အိမ်။

No comments: