Friday, March 21, 2008

ကြင်နာလှည့်ပါ

ဘ၀တစ်ကွေ့မှာ
တွေ့ခဲ့ရတဲ့ ချစ်တဲ့မင်းရယ်
မောင့်ရင်ဝယ် မြဲစွာတမ်းတ
လွမ်းနေခဲ့ရတယ်။

တရေးတမော
အလွမ်းဇောတွေနဲ့ အိပ်မောကျခဲ့
အတွေးတွေရဲ့ အလယ်မှာ မင်းသာစိုးမိုး
တိုးတိုးလေးပြောလိုက်မယ်
အချစ်ရယ် လွမ်းတယ်ကွယ်။

ဝေးကွာခြင်းဆိုတဲ့
ကာလရဲ့ လက်အတွင်း တို့သက်ဆင်းခဲ့
သူ့လက်တွင်းမှ ဘ၀တွေကို ငါမလို
တကယ်ဆို မောင်ဟာမင်းအနားမှာပေါ့။

မောင်ပျော်မွေ့ရာ အတွေးရွာမှာ
ကဗျာတစ်ပုဒ် ဆေးတစ်ရှိုက်
မောင်နဲ့ထိုက်တာ အလွမ်းပါလို့
ကင်းကွာသတိ မချိနှလုံး
ကြွေပျက်ပြုန်းသည်
အမုန်းဆိုမလိုချင်ပါ
ကြင်နာလှည့်ပါ ချစ်သူရာ။

No comments: