Friday, March 21, 2008

Valentine's Day့ တမ်းချင်း

မလုံလောက်တဲ့ ဝေါဟာရတွေနဲ့
အချစ်ဆိုတာကို စာမဖွဲ့ချင်ပါဘူး
ဒါပေမယ့် ...
ငါ ... ချစ်တတ်ပါတယ်။ ။

အသက်မ၀င်တဲ့ ပြုံးအလှတွေနဲ့
နှစ်သိမ်တေးတွေကို မဆိုတတ်ချင်ဘူး
ဒါပေမယ့်...
ငါ ... ကျေနပ်ပါတယ်။ ။

အတောင်မဆုံတဲ့ အနာဂတ်တွေနဲ့
အတိတ်ရဲ့ ပုံရိပ်တွေကို
မဖေါ်ထုတ်ချင်ဘူး
ဒါပေမယ့် ...
ငါ ... လွမ်းနေပါတယ်။ ။

ချစ်သူရေ ...
အတိတ်၊ အနာဂတ်၊ မျက်မှောက်ကာလ
ကာလသုံးတန် ပြောင်းပြန်လန်ပေမယ့်
Valentine's Day ကိုရောက်တိုင်း
မင်းနဲ့ငါ့ရဲ့ အချစ်သက်သေ
ရင်ခုန်သံပြပွဲ တစ်ခုကို
မင်းမသိ မင်းမရှိတဲ့ တစ်နေရာရာမှာ
ငါ ...
တစ်ကိုယ်တော် ကျင်းပနေဆဲပါ။ ။

No comments: