Monday, March 24, 2008

ယောင်္ကျားများ၏ အချစ်ဇယား

ဒိတစ်ယောက်က အချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသည်။

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။


ဟောဒီတစ်ယောက်ကျတော့ အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။

အဲဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်။

စေ့စပ်ထားတဲ့ ကောင်မလေး
အိနြေ္ဒရှင်လေးမို့ လက်မလွတ်ချင်အောင် ဖြစ်မိသည်။

အထက်ပါဖြောက်ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်။

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေ အားသူဖြစ်ရမည်။

No comments: